Ludu U Sein Win Biography

Tags

, ,

Rihanna Free Mp3 Album

Ludu U Sein Win

Ludu U Sein Win was born on August 13, 1940 in Mandalay. He went to Lafon Memorial High School.  He was in Mandalay University 1956-1959 and he moved to Yangon university 1960 to 1962. Since he was in University life Mr Sein Win enjoyed in public relationship and journalism.

1967 U Sein Win was sent to Ko Ko Island (Special Island for prisoners) as political prisoner by Military Government and was freed in 1972.

In 1980, U Sein Win was sick seriously and his half was paralized, right side. He never gave up, he learned how to write with left hand. U Sein Win wrote more than 22 Books and featured in several magazines and newspapers.

On June 17, 2012 U Sein Win was rested in Peace. His funeral will be held on 19th June, tomorrow.

လူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ မန္တလေး တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ် ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။

ကျောင်းသားဘ၀ ကတည်းမှ စ၍ လူထု သတင်းစာတိုက်တွင် ၀င်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး ၀င်ရောက် ကူညီ လုပ်ကိုင်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မှ စ၍ အချိန်ပြည့် ၀န်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့် ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံ ရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် စစ်အစိုးရ (အာဏာသိမ်း တော်လှန်ရေး ကောင်စီ) ၏ ဖမ်းဆီးခြင်းကို ခံရပြီးကိုကိုးကျွန်းသို့ ပို့ဆောင်ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်းသေသွားခဲ့ရာ၊ ဘ၀ကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားနေဆဲဖြစ်သည်။

လူငယ်လူရွယ်များအတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်း ဖွင့်လှစ်ကာ ပညာအမွေ လက်ဆင့်ကမ်း ပေးနေဆဲဖြစ်သည်။

ဆရာလူထု စိန်ဝင်းသည် ၀င်းဇော်၊ ဇာမဏီ စသော ကလောင်ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက်လည်း မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ နှင့် ပတ်သက်သော အကြောင်းရာများ၊ ဘ၀ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာ ရေးရာ များကို ရေးသားလျက်ရှိသည်။ ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအ၀င် စာအုပ်ပေါင်း ၂၀ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ၀တ္ထုမှာ သူ၏ ထင်ရှားသော လက်ရာတခု ဖြစ်သည်။

ဆရာ လူထုစိန်ဝင်းဟာ ယနေ့ခောတ် ထုတ်ဝေသော ဂျာနယ်၊ မဂ္ဂဇင်း အများအပြားတွင် သတင်းစာပညာ နှင့် ပတ်သက်သော အကြောင်းအရာ မျိုးစုံကို အများဆုံးရေးနေသူ တစ်ဦးဖြစ်သည်။ ယခုကဲ့သို့ သတင်းစာပညာနှင့် ပတ်သက်သော အကြောင်းအရာများ အများအပြား ရေးနေခြင်း၏ ရည်ရွယ်ချက်ကို ဂျာနယ်တစ်စောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။

“သတင်းစာ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို စိုက်လိုက် မတ်တတ် ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာ ဆိုတဲ့ မျိုးဆက် ပြတ်သွားမှာစိုးလို့ပဲ။ ၁၉၈၀ နောက်ပိုင်း ဆရာထောင်က လွတ်လာတော့ ကျောင်းဖွင့်တဲ့ အခါ ဆရာ့ဆီ ကျောင်းသားတွေ လာကြတယ်။ လာကြတဲ့ ကျောင်းသားတွေက ဘွဲ့ရပြီးသား လူငယ်တွေ များပါတယ်။ ဆရာဝန်၊အင်ဂျင်နီယာ ဆိုတဲ့ လူငယ်တွေက လူထု သတင်းစာဆိုတာ မကြားဖူးဘူး။ အဲဒီလို သတင်းစာတွေကို မမြင်ဖူးဘူး။ အဲဒီအခါ ခံစားခဲ့ရတယ်။ ဒါကြောင့် လူငယ် တွေကို သတင်းစာ အကြောင်း သိရအောင်သတင်းစာ ပညာ သောင်းပြောင်းထွေလာ ဆိုတာ အရင်ဆုံး စရေးခဲ့တာပဲ။ ဒါဟာ အင်မတန် အရေးကြီးတယ် လို့ ခံယူထားတာပါ။ သတင်းစာ တစ်စောင်ဟာ တိုင်းပြည်မှ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ကြတဲ့အတိုင်းပေါ့။ တိုင်းပြည်တပြည်မှာ အလွန် အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ဒီသတင်းစာ အလုပ်ကို ဆရာ တကယ်မြတ်နိုးပါတယ်။ တသက်လုံး ဒီအလုပ်က လွဲလို့ ဘယ်အလုပ်မှ မလုပ်ခဲ့ဖူးပါဘူး။ အခုထက်ထိလည်း ဒီစာရေးတဲ့ အလုပ်ပဲ လုပ်နေဆဲပါ။ ပျမ်းမျှ တနေ့ကို နှစ်ပုဒ်လောက်ရေးနေတာပါ။ ရေးသမျှရဲ့ More Than 50 Percent ဟာ Journalism နဲ့ ပတ်သက်တာတွေ ချည်းပါပဲ။”

ဘ၀နိဂုံး

လူထုစိန်ဝင်း သည် ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ SSC ဆေးရုံတွင် ရင်ကျပ်ရောဂါ ဖြင့် ကွယ်လွန်သည်။ မကွယ်လွန်ခင် နှစ် အတော်ကြာ ကတည်းက အောက်စီဂျင် ပိုက်အကူအညီဖြင့် နေခဲ့ရသည်။

ဆရာ လူထုစိန်ဝင်း ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ

1.စကား မာရသွန်-၁ ၊ ပင်ဝါးရုံ စာပေ၊ ပ- အကြိမ်၊ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ။

2.စကား မာရသွန်-၂ ၊ ပင်ဝါးရုံ စာပေ၊ ပ- အကြိမ်၊ ၂၀၀၇ခုနှစ်၊သြဂုတ်လ။ 3.စာနယ်ဇင်း အရေးအသား ပုံစံသစ်။

4. စီးပွားရေး လုပ်ငန်းများနှင့် ကြော်ငြာ အတတ်ပညာ။

5.စောမိုးခမ်း

6.ဆာယိုနာရာ

7.တောင်ဗီယက်နမ်မှ ငရဲခန်းများ ။

8.နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား ။

9.ပထမ အမျိုးသမီး လမ်းထွင်သူများ။

10.ဖတ်စရာ၊ ပင်ဝါးရုံ စာပေ ၊ မေလ ၊၂၀၀၇။

11.မသန်ပေမဲ့ စွမ်းသူများ၊ ပင်ဝါးရုံ စာပေ။

12.မူပိုင်ခွင့်၊ ပင်ဝါးရုံစာပေ၊ ၂၀၀၅။

13.မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲက မုန်တိုင်းငယ်

14.လူငယ်နဲ့ တာဝန်ယူစိတ် (လူငယ်လမ်းညွှန် စာစုများ)၊ Future Publishing House၊ ၂၀၀၄ ခုနှစ်။

15.လူငယ်နှင့် အချစ်၊ ၁၉၉၈။

16.လူငယ်များသို့ ကဗျာလက်ဆောင်

17.ရှက်စိတ်၊ ယနေ့ မန္တလေး စာအုပ်တိုက်။

18.သတင်းစာ ပညာ သောင်းပြောင်းထွေလာ

19.အဖြူနဲ့အမည်း

20.အဖြူနဲ့ အ၀ါ

21.အလံမလှဲစတမ်း၊ လင်းဦးတရာ စာပေ၊ ပ- အကြိမ် ၊ စက်တင်ဘာ ၊ ၂၀၀၆။

22.အရှက်နဲ့တန်ဖိုး

Source: my.wikipedia.org

Comments are closed.

Copyright © 2013 Myanmar Life. Sponsored by FNB. Designed by Woo Themes

newsletter software